ဧရာဝတီဘလောဂ် မှ ကောက်နှုတ်ဖော်ပြချက်
ယနေ့ ည ၈ နာရီ မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် မြေပုံမြို့နယ်၌ ၂၂ ဦး သေဆုံးခဲ့ပြီး ၂၅ ဦးပျောက်ဆုံးနေဆဲ ဖြစ်ကြောင်းနှင့် မင်းပြားမြို့နယ်တွင် ၅ ဦး သေဆုံးသည်ဟု ကြေညာသွားကြောင်း သိရှိရသည်။
၂၀၀၈ ခုနှစ် မေလဆန်းပိုင်းအတွင်း တိုက်သည့်နာဂစ်မုန်တိုင်းကြောင့် လူပေါင်း (၂) သန်း (၄) သိန်းခန့် မုန်တိုင်းဒဏ် ခံခဲ့ကြရပြီး သေဆုံးသူပေါင်း (၁) သိန်း (၄) သောင်းခန့်ရှိကာ စာသင် ကျောင်းပေါင်း (၄) ထောင်ခန့် ဆုံးရှုံးပျက်စီး ခဲ့ကြောင်း၊ လူပေါင်း (၁) သန်းကျော်အတွက် စားနပ် ရိက္ခာများ ထောက်ပံပေးခဲ့ရကြောင်း ကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေး ဆောင်ရွက်ပေးခဲ့ကြသော အ ဖွဲ့အသီးသီး၏၀ဘ်ဆိုက်ဖော်ပြချက်များအရသိရသည်။
ယခု ပဏာမ ဧရာဝတီက ရရှိထားသော သေဆုံး ၊ ပျောက်ဆုံး ၊ ပျက်စီးဆုံးရှုံးစာရင်းများနှင့် နှိုင်းယှဉ် လျှင်စစ်အစိုးရထုတ်ပြန်ချက်များသည်လွန်စွာနည်းပါးနေပါသေးသည်။

0 comments:
Post a Comment