Tuesday, October 26, 2010

မြေပုံမြို့နယ်တွင် သေဆုံးသူ အလောင်း ၅၀ ခန့် တွေ့ရှိ၊ ကျောက်ဖြူတွင် ဒုက္ခသည်များ အစိုးရထံမှ အကူညီ မရရှိသေး



Source: Narinjara 
Published: 10/26/2010


after-Cyclone-Giri-lashes-Arakan-Coast-Kuauk-Pru-Myanmar

ရခိုင်ပြည် မြေပုံမြို့နယ် ကျွန်းသာယာကျေးရွာတွင် ဂီရိမုန်တိုင်း တိုက်ခတ်မှုကြောင်း သေဆုံးသူ အလောင်း ၅၀ ခန့် တွေ့ရှိပြီးဖြစ်ပြီး အငူရွာနဲ့ ရေနီကြီးရွာ များ ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။
 
နိရဉ္စရာမှ ဆက်သွယ်မေးမြန်းကြည့်ရာ မြေပုံမြို့နယ်မှ ဒေသခံတဦးက အခုလို ပြောသည်။
 
“ကျွန်းသာယာမှာ အလောင်း ၅၀ လောက်ရပြီ၊ ငပသုံးမှာလည့် အသေပျောက်များတယ်၊ အငူရွာ နဲ့ ရေနီ ကြီးရွာ ရွာလုံးကျွတ်ပျောက်သွားတယ်၊ အဲဒီရွာတွေမှာ အသေပျောက်တော့ အသေချာ မသိရသေးဘူး၊ မြို့ပေါ်မှာ ကယ်ဆယ်ရေး လုပ်သား ၆၀၀၀ လောက်ရှိတယ်၊ FNG အဖွဲ့အစည်း နဲ့ အခြား ကယ်ဆယ်ရေး အဖွဲ့တွေပါ၊ နယ်တွေကိုတော့ မရောက်သေးဘူး၊ ကျွန်းသာယာ၊ ငပသုံ ကနေပီးတော့ ကမ်းထောင်းကြီး အ ထိ တောက်လျောက် အများအပြား ပျက်စီးသွားတယ်၊ မြေပုံမြို့နယ် ပျက်စီးတာ ၇၅ ရာခိုင်နှုန်း လောက် တော့ ရှိမယ်” ဟု ပြောသည်။
 
မြေပုံမြို့နယ်တွင် အခုချိန်ထိ သေဆုံးသူ စာရင်းကို အသေချာ မသိရှိရသေးသော်လည့် သေဆုံးသူ ဦးရေ ရာကျော်နိုင်ကြောင်း ခန့်မှန်းပြောဆိုကြသည်။ နိုင်ငံတော်က အကူအညီပေးရန် လုပ်ဆောင်နေဆဲ ဖြစ် ကြောင်း ဒေသခံများကြ ပြောသည်။


after-Cyclone-Giri-lashes-Arakan-Coast-Kuauk-Pru-Myanmar

ကျောက်ဖြူ မြို့နယ်တွင် ကယ်ဆည်ရေးသင်္ဘောများနှင့် NGO အဖွဲ့များကို ကျောက်ဖြူမြို့နယ် ခ.ယ.က.ဥက္ကဌမှ ဝင်ခွင့်မပြုသောကြောင်း အခုချိန်ထိ အကူညီ မရရှိသေးကြောင်းသိရသည်။
 
“ကျောက်ဖြူမြို့ကိုအယင်လို ပြန်ဖြစ်အောင် ပြုပြင်ဖို့ အချိန်နဲ့ ငွေ များစွာ လိုအပ်မယ်။ ခ.ယ.က ဥက္ကဌက သူများ အကူညီကို မယူဘူး၊ နိုင်ငံတော်က လုပ်ပေးမယ်ဆိုပြီး NGO အဖွဲ့စည်းတွေကို ရပ်ဆိုင်းထားပါတယ်၊ ဒုက္ခသည်တွေကတော့၊ နီးစပ်ရာ ဘုန်းကြီးကျောင်း တွေမှာတည်းခို နေရတယ်၊ ဗိုလ်ချုပ်မှူးကြီး သိန်းစိန် ရဟတ်ယာဉ် (၃)စီးနဲ ကျောက်ဖြူမြို့ကိုလာရောက်ကြည့်ရှူ့ပါတယ်၊ အခုချိန်ထိ ကူညီမှုတစုံတရာမရရှိ သေးဘူး” ဟုကျောက်ဖြူမြို့ခံ တဦးက ပြောသည်။
 
ကျောက်ဖြူတွင် မုန်တိုင်း ဒဏ်ကြောင်း ရောဂါဖြစ်ပွားသူများကို ဘုရားကြီး ဓမ္မာရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ အခုချိန်တွင် ဒုက္ခသည်များ အကူညီများကို အထူး စောင့်မျှော် နေကြောင်း သိရသည်။
 
အရကျောက်ဖြူမြို့နှင့် အနီးနားရှိ ရပ်ကွက်၊ ကျေးရွာ များမှ ရေဘေး ဒုက္ခသည် စာရင်းမှာ- ကျောက်ဖြူ ပိုက်ဆိပ်ကျောင်း အထက(၂)တွင် ဒုက္ခသည် ၁၃၇၅ ဦး၊ သံဖြူဘုန်ကြီးကျောင်းတွင် ၈၀၀ ကျော်၊ မူလာဒွါ ဘုန်းကြီးကျောင်းတွင်၁၀၀နီးပါး၊ သန်ပန်ချောင်းကျောင်း အထက (၄) တွင်၁၀၀ ကျော်၊ စိန်ပန်း ဘုန်းကြီး ကျောင်တွင် ၂၀၀ စုစုပေါင်း ၂၈၀၀ ကျော် အခက်အခဲရှိနေကြောင်း သိရှိရသည်။
 
ဂီရိ မုန်တိုင်း အဓိက တိုက်ခတ်ရာ ကျောက်ဖြူမြို့တွင် အိမ်များ အမိုးလန် ခြင်း၊ ဓာတ်တိုင်များ ပျက်ပြိုလဲ ပျက်စီးခြင်း၊ သစ်ပင်များ ပြိုလဲခြင်းများ ဖြစ်ပေါ် ခဲ့ကြောင်း သိရှိရသည်။ အဓိက ပျက်စီးဆုံးရှုံးမှု ဖြစ်သည့် နေရာများမှာ စေတီယျရွာ ၊ ပြင်ဖြူမော် ၊ ကညင်တော ၊ ငလပွေ့ နှင့် ကျွန်းသာယာမှ ကျေးရွာများ ဖြစ် ကြောင်း သိရှိရသည်။
 
အဆိုပါ နေရာများသည် မူလကတည်း က မြေနိမ့်ပိုင်း ဒေသများ ဖြစ်သောကြောင့် နေအိမ် အဆောက် အဦး များ ရေမြုပ်ခြင်း ဒဏ်ကို ခံစားရကြောင်း သိရှိရသည်။ အထူးသဖြင့် ရေစပ်နားတွင် ဆောက်လုပ်ထားသော အိမ်များမှာ လုံးဝ ပျက်စီးသွားကြောင်း သိရှိရသည်။
 


0 comments:

Post a Comment

 

Giri Relief for © 2010.