ဂီရိလေဘေးယာယီကူညီထောက်ပံ့ရေးကော်မတီ(ထိုင်းနိုင်ငံ) မှ တိုက်ရိုက်ရရှိသော သတင်းအချက်အလက်
လေမုန်တိုင်းတိုက်ပြီး နောက်ပိုင်းတွင် မြို့ပေါ်ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ ရေဘေး ဒုက္ခသည် ၆၀၀၀ ကျော်ရှိပါတယ်။ အခုတော့ စာရင်းအရ ၅၆၀၀ လောက်ပဲမြို့ပေါ်မှာ ရှိတယ်။ ဒုက္ခသည် တချို့က တော့ မိသားစုတွေ အကူအညီနဲ့ ပြန်သွားတာတွေလည်းရှိတယ်။ နယ်က ရွာတွေမှာတော့ ရေဘေးဒုက္ခ သည်တွေ ပိုများတယ်လို့သိရတယ်။ ကျနော်တို့လည်း အချက်အလက် အတိအကျတော့ မရသေးဘူး။ ရွာတွေမှာတော့ ရေတွင်းတွေ၊ ရေကန်တွေကို ဆားငံရေ၀င်လို့တခုမှ သောက်လို့မရဘူးဖြစ်နေတယ်။ ရေပြဿနာကတော့ အကြီးအကျယ်ကြုံနေရတယ်။ မြို့ပေါ်မှာတော့ ရေအခက်အခဲက အဲ့လောက်မရှိဘူး။ ဒါပေမယ့် အစားအသောက်အတွက် အရေးပေါ်ဆန်တွေ လိုအပ်နေတယ်။
ကျနော်တို့လူမှုရေး လုပ်တဲ့သူ တွေကတော့ ပိုက်ဆံရှိတဲ့သူတွေဆီမှာ အလှုခံပြီး တော့ ရေဘေးဒုက္ခ သည်တွေကို ကူညီပေးနေပါတယ်။ အစိုးရတော့ ထိထိရောက်ရောက် ကူညီ ပေးတာတော့မရှိသေးဘူး။ အခုဆွေးနွေးနေကြတယ်လို့တော့ ကြားတယ်။ NGO တချို့တော့ ကျောက်ဖြူကို ရောက်နေပါပြီ။ သူတို့ကတော့ ကျနော်တို့ ဒေသခံလူမှုရေး အဖွဲ့တွေနဲ့လည်း ဆွေးနွေးမှာဖြစ်ပါတယ်။ မနေ့ကတော့ တောင်ကုတ်က ဆန်အိပ် ၁၀၀ ကျော်ရောက်ပါ တယ်။ အဓိကလိုအပ်ချက်ကတော့ သောက်ရေ၊ အမိုးအကာ၊ ဆန်နဲ့ ဆေးတွေ အရေးပေါ်လိုအပ်နေပါတယ်။
ကျောက်ဖြူမြို့ပေါ်မှ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများတွင်ယာယီ တည်းခိုနေကြသည့် ရေဘေး ဒုက္ခ သည် ၆၅၀၀ ကို မြို့မဘောလုံးကွင်းတွင် ယာယီဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းသို့ ဒီကနေ့ပြောင်းရွှေ့ မည်ဖြစ်ကြောင်း ကျောက်ဖြူမြို့မှ ရေဘေးဒုက္ခသည် အရေးကို ဆောင်ရွက်နေသည့် ဒေသခံတစ်ဦးကို ဖုန်းဖြင့် မြန်မာစံတော်ချိန် ၉ နာရီ ၅ မိနစ် အချိန်မေးမြန်းချက်တွင် ၎င်း၏ပြောပြချက်အရသိရသည်။
လေမုန်တိုင်းတိုက်ပြီး နောက်ပိုင်းတွင် မြို့ပေါ်ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ ရေဘေး ဒုက္ခသည် ၆၀၀၀ ကျော်ရှိပါတယ်။ အခုတော့ စာရင်းအရ ၅၆၀၀ လောက်ပဲမြို့ပေါ်မှာ ရှိတယ်။ ဒုက္ခသည် တချို့က တော့ မိသားစုတွေ အကူအညီနဲ့ ပြန်သွားတာတွေလည်းရှိတယ်။ နယ်က ရွာတွေမှာတော့ ရေဘေးဒုက္ခ သည်တွေ ပိုများတယ်လို့သိရတယ်။ ကျနော်တို့လည်း အချက်အလက် အတိအကျတော့ မရသေးဘူး။ ရွာတွေမှာတော့ ရေတွင်းတွေ၊ ရေကန်တွေကို ဆားငံရေ၀င်လို့တခုမှ သောက်လို့မရဘူးဖြစ်နေတယ်။ ရေပြဿနာကတော့ အကြီးအကျယ်ကြုံနေရတယ်။ မြို့ပေါ်မှာတော့ ရေအခက်အခဲက အဲ့လောက်မရှိဘူး။ ဒါပေမယ့် အစားအသောက်အတွက် အရေးပေါ်ဆန်တွေ လိုအပ်နေတယ်။
ကျနော်တို့လူမှုရေး လုပ်တဲ့သူ တွေကတော့ ပိုက်ဆံရှိတဲ့သူတွေဆီမှာ အလှုခံပြီး တော့ ရေဘေးဒုက္ခ သည်တွေကို ကူညီပေးနေပါတယ်။ အစိုးရတော့ ထိထိရောက်ရောက် ကူညီ ပေးတာတော့မရှိသေးဘူး။ အခုဆွေးနွေးနေကြတယ်လို့တော့ ကြားတယ်။ NGO တချို့တော့ ကျောက်ဖြူကို ရောက်နေပါပြီ။ သူတို့ကတော့ ကျနော်တို့ ဒေသခံလူမှုရေး အဖွဲ့တွေနဲ့လည်း ဆွေးနွေးမှာဖြစ်ပါတယ်။ မနေ့ကတော့ တောင်ကုတ်က ဆန်အိပ် ၁၀၀ ကျော်ရောက်ပါ တယ်။ အဓိကလိုအပ်ချက်ကတော့ သောက်ရေ၊ အမိုးအကာ၊ ဆန်နဲ့ ဆေးတွေ အရေးပေါ်လိုအပ်နေပါတယ်။
0 comments:
Post a Comment