အောက်တိုဘာလ ၂၂ ရက်နေ့က မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းကို စတင် ဖြတ်ကျော်ခဲ့သော အားအလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း ဂီရိကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် စစ်တွေမြို့တို့တွင် ပျက်စီးမှု နည်းပါးခဲ့ပြီး မြေပုံမြို့နယ်တွင်မူ ထိခိုက်ပျက်စီးမှု များပြားခဲ့ကြောင်း မြေပုံမြို့နယ်မှ ပေးပို့သော သတင်းများအရ သိရှိရသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ မင်းပြားတို့တွင် မုန်တိုင်းသက်ရောက်မှုများကို ကြုံတွေ့ခဲ့ရပြီး အောက်တိုဘာလ ၂၄ ရက်နေ့အထိ ရရှိသော သတင်းများအရ မြေပုံမြို့နယ်မှာ ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်ခဲ့ကြောင်း၊ အခြားသော မြို့နယ်များတွင် ပျက်စီးဆုံးရှုံးမှု များစွာ မရှိခဲ့သော်လည်း အစားအသောက်ကဲ့သို့သော အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။ လောလောဆယ်တွင် ဒေသခံများနှင့် အဆိုပါဒေသ တာဝန်ရှိသူများမှ လိုအပ်မှုအချို့ကို အကူအညီပေးနေကြောင်း သိရသည်။
''စစ်တွေမှာ သစ်ပင်တွေပဲ လဲတယ်။ ထိခိုက်မှု သိပ်မရှိဘူး။ ကျောက်ဖြူကလည်း ထိခိုက်ပျက်စီးမှု နည်းတယ်။ မြေပုံကတော့ ၉၀ ရာခိုင်နှုန်းလောက် ပျက်စီးနေတယ်။ လူနှစ်ဦး သေတယ်''ဟု ဒေသခံတစ်ဦးက အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် ပြောကြားသည်။
မြေပုံမြို့နယ်မှ နောက်ဆုံးရရှိသော သတင်းများအရ မြေပုံမြို့နယ်တွင်းရှိ ကျေးရွာများအနက် အမျက်ထွက်၊ ရွာသစ်၊ ကျီးခေါင်းတောင်၊ ပြိုင်းချောင်း နှင့် ပြင်ဝန်း စသည့် ကျေးရွာများတွင် လူ ၁၀ ဦးကျော်ခန့် သေဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် သေချောင်း၊ ကုန်းဘောင်၊ ပြိုင်ချောင်း၊ အမျက်ထွက်၊ ရွာသစ်၊ ကျီးခေါင်းတောင် ကျေးရွာများတွင် ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိကြောင်း သိရသည်။
မြေပုံမြို့နယ်အတွင်းရှိ ၉၀ ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးမှု ရှိခဲ့သော
ကျေးရွာအချို့တွင် နေထိုင်သော လူဦးရေ(ခန့်မှန်း)စာရင်း
ရွာအမည် အိမ်ခြေ လူဦးရေ
အမျက်ထွက် ၈၀ ၄၀၀
သေချောင်း ၁၅၀ ၁၅၀၀
ရွာသစ် ၇၀ ၁၅၀
ကညင်ကြီးမှော် ၉၉ ၉၀၀
ကျီးခေါင်းတောင် ၁၇၀ ၉၇၀
ကုန်းဘောင် ၁၇၀ ၇၀၀
တောင်းကြီးရင်း ၁၅၀ ၄၀၀
ပြိုင်ချောင်း ၁၈၀ ၇၉၉
Monday, October 25, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment