ရန်ကုန် ဧရာဝတီသတင်းထောက် စုစည်း ပေးပို့ချက်များ
မြေပုံမြို့ နယ်ရှိ ကျေးရွာတော်တော်များများပျက်စီးသွားခဲ့ပါတယ် အဲဒီကျွဲနွားတိရိစ္ဆာန်ပျက်ဆီး ဆုံးရူံ့း ပြည်သူများ စားစရာ သောက်စရာမရှိ နေထိုင်စရာမရှိဖြစ်နေ၍ ရွာဦးဘုန်းတော်ကြီးကျောင်းတိုက်တွင် စုပြီးတော့ ဆံပြုတ်သောက်၍အခုနေထိုင်ကြပြီး အခုအဆိုးရွာစွာငိုကြွေး ဒုက္ခရောက်နေပါတယ် အခုတော့ နေထိုင်စရာအိမ်မရှိ စားစရာဆန်းမရှိ လုပ်စရာအလုပ်မရှိ အားလုံးရေမြုပ်ပျက်စီးဆုံးရူံးသွားပါတယ်။
မြေပုံမြို့ နယ် ကျွန်းသာယာကျေးရွာ အိမ်ခြေ(၅၀၀)ကျော်မှာ အိမ် ၃ အိမ်သာကျန်ခဲ့ပါတယ်။ ကျန်တာ အားလုံးပျက်စီးသွားပါတယ်။
ပြင်ဝန်းကျေးရွာတွင် အိမ်ခြေနှစ်၇ာကျော်မှာ အိမ်ခြေအားလုံးပျက်စီးခဲ့ပါတယ် အခုတော့ ဘာမှ မကျန်ခဲ့ ပါဘူး။
အုန်းချောင်းကျေးရွာတွင်အိမ်ခြေ(၃၀၀)ကျော်မှာ အများပျက်စီးခဲ့ပါတယ်။ အခုတော့အနည်းငယ် ကျန်ရှိခဲ့ပါတယ်။
ပြင်ချောင်ကျေးရွာတွင် အိမ်ခြေ(၇၀)မှာ တော်တော်လေပျက်စီးခဲ့ပါတယ်။လူများအခုထိဘယ်
ေ၇ာက်နေတယ်ဆိုမသိရသေးပါ။
ငပသုန်ကျေးရွာတွင် အိမ်ခြေ(၆၀၀)ကျော်ရှိသည်မှာ အခုမုန်တိုင်းကြောင်းအပျက်စီးများရှိခဲ့
ပြီး အိမ်ခြေ (၄၀၀)ကျော်ပျက်စီးခဲ့ပါတယ်
လူသေအပျောက်အရမ်းများကြောင်းသိရှိခဲ့ရပါတယ်
ငသွန်းဦးချိုင်း ကျေးရွာတွင် အိမ်ခြေ(၂၀၀)ကျော်ရှိသည်မှာ အနည်းငယ်ပျက်စီးခဲ့ပါတယ်
ကုက္ကိုကျေးရွာတွင် အိမ်ခြေ(၃၀၀)ကျော်ရှိသည်မှာ အခုတော့ (၆)အိမ်သာကျန်ရှိခဲ့ပါတယ်
ဆတ်တက်ကျေးရွာတွင် အိမ်ခြေ(၈၀)ကျော်ရှိ သည်မှာ အခုတော့ အိမ်ငါးအိမ်ထောင်လောက်
သာကျန်ရှိခဲ့ပါတယ်
ငွေတင်းတူးကျေးရွာတွင်အိမ်ခြေ(၃၀၀)ကျော်ရှိခဲ့သည်မှာ အချိုပျက်စီးခဲ့ပါသည်။
ရေနီကြီးကျေးရွာတွင် အိမ်ခြေ(၃၀၀)ကျော်ရှိခဲ့သည်မှာ မုန်းတိုင်းကြောင်းအိမ်ခြေအကောင်းမကျန်ဟု သိရသည်။
သင်္ဘောချောင်းကျေးရွာ၌အိမ်ခြေ(၂၀၀)ကျော်ရှိသည်မှာ အချို့အနည်းငယ်ပျက်စီးခဲ့သည်။
မိုးသီးနတ်တောင်အုပ်စု ကျီးခေါင်းတောင်ကျေးရွာတွင် အိမ်ခြေ(၂၅၀)လောက်ရှိခဲ့သည်မှာ ၃ပုံ
၂ပုံသာများလောက်သာပျက်စီးခဲ့သည်ဟုသည်သိရသည်။
မိုးသီးနတ်တောင်ကျေးရွာတွင် အိမ်ခြေ(၁၀၀)ကျော်ရှိခဲ့သည်မှာ တော်တော်ပျက်စီးခဲ့သည်။
လောင်းစာရိုက်ကျေးရွာတွင် အိမ်ခြေ(၂၀၀)ကျော်လောက်ရှိခဲ့သည်မှာ အားလုံးပျက်စီးခဲ့သည်။
ကုန်တောင်ကျေးရွာတွင် အိမ်ခြေ(၂၀၀)ကျော်လောက်ရှိပြီး နည်းငယ်ပျက်စီးခဲ့ပါသည်။
၎င်းကျေးရွာများအပြင်ပျက်စီးခဲ့သည်မှာဘုရားစေတီများနှင့်ဘုန်းကြီးကျောင်းများ စာသင်ကျောင်းစသည်များပျက်စီးခဲ့ပါသည်။
ကားလမ်းများတံတားများအားလုံးကျိုးပြတ်ခဲ့ပါတယ်
မင်းပြားမြိုနယ်ရှိအိမ်ခြေတော်တော်များများနှင့် ဘုရားအဆောက်ဦး ဘုန်းကြီးကျောင်းများပျက်စီးခဲ့ပါတယ်။
၎င်းမြိုနယ်ရှိ စွန်ရဲကျေးရွာတွင် အိမ်ခြေ(၉၅၀)ရှိပြီး အဆိုပါကျေးရွာတွင်(၂၀၀) ကျော်လောက် ပျက်စီးပြီး လူသေ လူပျောက် မရှိခဲ့ပါဘူး။ ရေတက်၍ အချိုသော ကျွဲနွားများတိရစ္တာန်များ ပျက်စီးပျောက်ဆုံးခဲ့သည်ဟု ကျေးရွာလူကြီးကပြောပါတယ်။
ကြောင်ရှည်ချောင်းကျေးရွာရှိအိမ်ခြေ(၃၀၀)ကျော်ရှိခဲ့သည်မှာ အိမ်ခြေ(၁၀၀)ကျော်လောက်သာပျက်စီးခဲ့ တယ်လို့ကြားသိရပါတယ်။
လက်မယာကျေးရွာတွင်အိမ်ခြေ(၃၅၀)လောက်ရှိ အိမ်ခြေအများကြီးပျက်စီးခဲ့တယ်။
Sunday, October 24, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment