ဂီရိလေဘေးဒုက္ခကူညီထောက်ပံ့ရေးအစည်းအဝေး
သြဂုတ်လ (၂၄) ရက်၊ ၂ဝ၁ဝ
နေရာ။ ။ ဘန်ကောက်မြို့၊ ဘန်ဘော်နယ်မြေ၊ USAID ဆေးခန်း။
တက်ရောက်သူများ
(၁) အောင်နိုင်စိုး
(၂) ကျော်သောင်း
(၃) ကိုတင့်လွင်ဦး
(၅) ကိုလှခိုင်
(၆) ခိုင်အံ့မောင်
(၇) ခိုင်မင်းလွင်
(၈) ထိန်လင်းအောင်
(၉) ဆန်းဝင်းချေ
(၁ဝ) သူရဦး
(၁၁) သန်းထွန်း
(၁၂) မောင်ဝင်းချေ
(၁၃) မိုးကျော်
(၁၄) ဆန်းလွင်
(၁၅) တိုးတိုး
(၁၆) ဝင်းမြင့်ချေ
(၁၇) ကိုကိုဝင်း
(၁၈) ကိုမောင်သောင်း
(၁၉) ဖိုးကာ
(၂ဝ) သိန်းအေးကျော်
(၂၁) ကိုကိုနိုင်
(၂၂) အေးမြင့်
(၂၃) အနိုင်
(၂၄) နေလင်း
(၂၅) ဇော်ဝင်း
(၂၆) နီနီလွင်
(၂၇) ကြည်တောင်
(၂၈) ခင်ခင်
(၂၉) မြင့်ဦး
(၃ဝ) ဝင်းကို
အစည်းအဝေးအစီအစဉ်
(၁) တက်ရောက်လာသူများတစ်ဦးချင်းမိတ်ဆက်ခြင်း
(၂) ကော်မတီဖွဲ့စည်းရန်ဆွေးနွေးခြင်း
(၃) ဦးစားပေးကူညီနိုင်မည့်အကြောင်းအရာများကိုဆွေနွေးခြင်း (ပစ္စည်း၊ ငွေကြေး စသည်ဖြင့်)
(၄) အချက်အလက်များစုဆောင်းမည့် နည်းလမ်းများကိုဆွေးနွေးခြင်း
(၅) အလှူခံမည့်စနစ်များကို ဆွေးနွေးခြင်း
(၆) ငွေထိန်းသိမ်းရေးစနစ်အား ဆွေးနွေးခြင်း
(၇) ငွေလွှဲပြောင်းရေးစနစ်အား ဆွေးနွေးခြင်း
(၈) ကူညီနိုင်မည့်နည်းလမ်းများကိုဆွေနွေးခြင်း
အထက်ဖေါ်ပြပါအစီအစဉ်များအားဆွေးနွေးခဲ့ကြပြီး အောက်ပါဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ကြသည်။
ဆုံးဖြတ်ချက် (၁) ဂီရိလေဘေးဒုက္ခသည်ကူညီထောက်ပံရေးကော်မတီကိုဖွဲ့စည်းရန်ဆုံးဖြတ်သည်။
ဆုံးဖြတ်ချက် (၂) ကော်မတီအမည်ကို ဂီရိလေဘေးဒုက္ခသည်ကူညီထောက်ပံရေးယာယီကော်မတီ (ထိုင်းနိုင်ငံ) ဟုခေါ်ရန်ဆုံးဖြတ်သည်။
ဆုံးဖြတ်ချက် (၃) ဂီရိလေဘေးဒုက္ခသည်ကူညီထောက်ပံ့ရေးယာယီကော်မတီ (ထိုင်းနိုင်ငံ) ကို ဥက္ကဌဦးဆောင် စနစ်ဖြင့်ဖွဲ့စည်းရန်ဆုံးဖြတ်သည်။
ကော်မတီဝင်များ
(၁) ကျော်သောင်း (ဥက္ကဌ)
(၂) ဝင်းကို (ဒု-ဥက္ကဌ)
(၃) ကိုလှခိုင် (အတွင်းရေးမှူး - ၁)
(၄) ခိုင်အံ့မောင် (အတွင်းရေးမှူး - ၂)
(၅) အောင်နိုင်စိုး (နိုင်ငံခြားဆက်ဆံရေးနှင့် အချက်အလက်စုဆောင်း)
(၆) သူရဦး (နိုင်ငံခြားဆက်ဆံရေးနှင့် အချက်အလက်စုဆောင်း)
(၇) တင့်လွင်ဦး (ဘဏ္ဍာရေးမှူး - ၁)
(၈) ခိုင်မင်းလွင် (ဘဏ္ဍာရေးမှူး၊ - ၂)
(၉) နေလင်း (ဘဏ္ဍာရေးမှူး - ၃)
(၁ဝ) အောင်ကျော်စိုး (စာရင်းကိုင် - ၁)
(၁၁) နီနီလွင် ( စာရင်းကိုင် - ၂)
(၁၂) ဆန်းလွင် (ဘုန်းကြီးချေ) (စာရင်းစစ် - ၁)
(၁၃) သန်းနိုင် (စာရင်းစစ် - ၂)
(၁၄) တိုးတိုး (စာရင်းစစ် - ၃)
(၁၅) ဌေးလင်းအောင် (စည်းရုံးရေးမှူး)
(၁၆) ဝင်မြင့်ချေ (စည်းရုံးရေးအဖွဲ့ဝင်)
(၁၇) ထွန်းအေးကျော် (စည်းရုံးရေးအဖွဲ့ဝင်)
မှတ်ချက်။ ။ အထက်ဖေါ်ပြပါကော်မတီဝင်များသည် ထိုင်းနိုင်ငံ ချင်းမိုင်၊ ဘန်ကောက်၊ မဟာချိုင်၊ ထင်ယန်ထလေ၊ ဘန်ဘော်၊ အုံးနွဲ့၊ စီလုံနှင့် ပချာအူထေ့ ဒေသတို့မှ မျက်နှာစုံညီအစည်းအဝေး တက်ရောက်ဆွေးနွေး ခဲ့ကြခြင်း ဖြစ်သည်။
ဆုံးဖြတ်ချက် (၄) အဝတ်အထည်နှင့် ပစ္စည်းများအား ရခိုင်ပြည်၏လမ်းပန်းဆက်သွယ်ရေး အခက်အခဲ များကြောင့် ပို့ဆောင်ရန်မလွယ်ကူသဖြင့် ငွေကြေးအကူအညီကိုသာလက်ခံရန်ဆုံးဖြတ်သည်။
ဆုံးဖြတ်ချက် (၅) စာအိတ်စနစ်၊ အလှူခံပုံးနှင့် ဘောင်ချာ စနစ်များဖြင့်အလှူငွေကောက်ခံသွားရန် ဆုံးဖြတ်သည်။ သြဂုတ်လ (၂၅) ရက်န့မှစတင်၍ အလှူငွေများအား အထက်ပါနည်းစနစ်များဖြင့် ကောက်ခံ သွားရန်ဆုံးဖြတ်သည်။
ဆုံးဖြတ်ချက် (၆) ဂီရိကော်မတီနာမည်နှင့် ဘဏ်နံပါတ်တခုဖွင့်ထားပြီး ဘဏ်စာအုပ်ကို တစ်ဦးသိမ်းထား ရန်၊ အေတီအမ်ကို နောက်တယောက်သိမ်းထားရန်နှင့် လျှို့ဝှက်နံပါတ်ကို အခြားတယောက်မှ သိမ်းထား ရန်ဆုံးဖြတ်သည်။
ဆုံးဖြတ်ချက် (၇) ကော်မတီဆုံးဖြတ်ချက်အရ လုံးခြုံစိတ်ချရဆုံးနည်းလမ်းများဖြင့် လွှဲပေးရန် ဆုံးဖြတ် သည်။
-------------------------- အစည်းအဝေးပြီးဆုံး -----------------------------
ကော်မတီဝင်များ

0 comments:
Post a Comment