နိုင်ငံတကာရောက်မြန်မာနိုင်ငံသားများအား တိုက်တွန်းနှိုးဆော်အပ်ပါသည်
နိုင်ငံတကာရောက် မြန်မာနိုင်ငံသားအပေါင်းတို့ခင်ဗျာ။ ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်အောက်တိုဘာလ၂၁ ရက်နှင့် ၂၂ ရက် နေ့တို့တွင်ရခိုင်ပြည်နယ်အား ဂီရိ အမည်ရှိသောလေပြင်းမုန်တိုင်းဝင်ရောက်တိုက်ခတ်သွားခဲ့ပါသည်။ ကျောက်ဖြူမြို့နှင့် မြေပုံမြို့ နယ်တို့မှာအပျက်စီးဆုံးဖြစ်ပါသည်။
အဆိုပါ မုန်တိုင်း၏ပြင်းအားမှာ ရေပြင်၊ မြေပြင်တစ်နာရီ မိုင် ၁၂၀ ခန့် တိုက်ခတ်သွားခဲ့ကြောင်း၊ အမဲရောင် အဆင့်သတ်မှတ် ကြောင်း၊ ပြည်တွင်းပြည်ပ မိုးလေ၀ါသပညာရှင်းများနှင့် နိုင်ငံတကာသတင်းဌာနတို့ ကြေ ညာချက်အရ သိရှိရပါသည်။ ရခိုင် ပြည်နယ်ရှိအခြားမြို့ရွာများမှာလည်း အပျက်အစီးများရှိခဲ့ပါသည်။
အမေရိကန်အာကာသ စူးစမ်းလေ့လာရေးအဖွဲ့နာဆာအဖွဲ့က အဆင့် ၄ သတ်မှတ်ထားပြီး CNN သတင်းဌာနကမူ တစ် နာရီကို ၁၇၅ မိုင်နုန်းတိုက်ခတ်ခဲ့သဖြင့် ၂၀၀၈ ခုနှစ်က ဧရာဝတီတိုင်းကိုတိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းထက် ပြင်းထန်သည် ဟုဆိုပါသည်။ ဂီရိမုန်းတိုင်းဒဏ်ကို အပြင်ထန်ဆုံးခံခဲ့ရသည့် ကျောက် ဖြူမြို့တွင် သစ်ပင် ၇၀ ရာခိုင်နှုန်းလဲကျခဲ့သည်။ အိမ် များ ၅၀ ရာခိုင်နှုန်းကျော်ပျက်စီးခဲ့သည်။ ကျောက်ဖြူ တစ်မြို့လုံးမြို့ပျက်ကြီးအသွင်ဖြစ်သွားခဲ့သည်။ မုန်တိုင်းဖြတ်သန်းတိုက် ခတ်ခြင်းခံခဲ့ရသော ရခိုင်ကမ်းရိုး တန်းဒေသတလျှောက်နေထိုင်သော ပြည်သူများ အနက် လူဦးရေ တစ်သန်းခွဲခန့်မှာ မုန်တိုင်း ဒဏ်ကို အပြင်း အထန်ခံစားခဲ့ရကြောင်း ဗြိတိန်အခြေစိုက် Christian Aid အဖွဲ့ကဖေါ်ပြထားသည်။
ကျောက်ဖြူ ဆရာအတတ်သင်သိပ္ပံကျောင်း၏ခေါင်မိုးများအားလုံး ပျက်စီးသွားခဲ့သည်။ ရေ ၁၂ ပေခန့်အထိ တက်ခဲ့သဖြင့် ကျောက်ဖြူဈေးကြီးတစ်ခုလုံး ရေမြုပ်ခဲ့ရသည်။ အဆောက်အဦးအမြောက်အများ ပျက်စီးခဲ့ရသည်။ သစ်ပင်ပိ၍ လူ ၂ ဦးသေ ဆုံးခဲ့သည်။ လူတစ်သောင်းခန့် အိုးအိမ်ပျက်စီးခဲ့သဖြင့် ကျောက်ဖြူမြို့ ပိုက် ဆိပ်ကျောင်းတွင် ဒုက္ခသည်စခန်းဖွင့်၍ နေထိုင် နေကြရသည်။ မြို့တစ်ခုလုံးရှိ ဓါတ်တိုင်းများ၊ သစ်ပင်များ၊ လမ်းဘေးနေအိမ်များ အားလုံးလဲကျပျက်စီးခဲ့သည်။
ပင်လယ်လှိုင်းများကိုကာရံထားသည့် မြို့ပါတ်ဖြားရေကာ (ဒီရေကာ) ကျောက်တံတိုင်းများလုံးဝပျက်စီးသွားခဲ့ရသည်။ ပင်လယ် ကူးသင်္ဘေများဆိပ်ကပ်သည့်အမှတ်(၁)နှင့် အမှတ်(၂) ငလပွေ့ သင်္ဘောဆိပ်များ၊ စပါး ဂိုဒေါင်များ၊ ပုဇွန်ဒိုင်/ငါးဒိုင်များ၊ ပျက် စီးခဲ့သည်။ ထို့အပြင် ကျောက်ဖြူမြို့မနှင့် ငလပွေ့သင်္ဘောဆိပ်ကို ဆက်သွယ်ဆောက်လုပ်ထားသော ကျောက်ဖြူမြို့၏အကြီးဆုံး နှင့် အရှည်ဆုံးသစ်သားတံတားကြီးမှာ ကျိုးပျက်သွားခဲ့သည်။
မြေပုံမြို့နယ် ကျွန်းသာယာ တံငါကျေးရွာကြီးနှင့် ပိုက်ချသည့် တံငါတဲများ၊ လှေများ၊ ပိုက်များစွာပျက်စီးဆုံးရှုံးခဲ့ရသည်။ ငါးဖမ်း လှေ ၂၁ စီးပျက်စီးခဲ့ပြီး ငါးဖမ်းသမား ၁၀၀ ကျော်ခန့် ပျောက်ဆုံးနေကြောင်း ဘင်္ဂလားဒေ့ခ်ျ နိုင်ငံအစိုးရကကြေညာထားသည်။ မိုးကြီးပြီးဒီရေ လွှမ်းမိုးခြင်းခံခဲ့ရသဖြင့် စားစရာဆန်များ ၀ယ်ယူမရရှိနိုင် ဖြစ်နေကြသည်။
မြေပုံမြို့နှင့် ငမန်းရဲကျွန်းတို့မှာ အားလုံးနီးပါးပျက်စီးခဲ့ရသည်ဟု သိရှိရသည်။ ရခိုင်ဒေသတွင်းရှိ၊ ပုစွန်ကန် များ၊ စပါးစိုက်သည့် ပုဂ္ဂလိက တမံများ (ကာရီများ)၊ စပါးဂိုဒေါင်များ၊ ဆားဂိုဒေါင်များအားလုံးပျက်စီးခဲ့သည်။ အထူးသဖြင့် ဖူးပွင့်နေကြသော ကောက်ကြီးစပါးများ၊ ရင့်မှည့်ခါနီးကောက်လပ်စပါးများ၊ စိုက်ခင်းပျိုးခင်းများ အားလုံးပျက်စီးခဲ့ရသဖြင့် နောက်နှစ်အတွက် ရခိုင် ပြည်သူများ စားစရာဆန်စပါး လုံးဝပျက်စီးခဲ့ရသည်။ ဂီရိမုန်းတိုင်းကြောင့် ဒီရေတက်ခြင်း၊ မိုးကြီး ခြင်းတိုကြောင့် ဆေးဝါး၊ စားစရာဆန်နှင့် သောက်သုံးရေတို့မှာ လုံးဝပြတ်လတ်နေကြောင်းဖုန်းဆက်သွယ်ချက်များ အရသိရှိရ ပါသည်။ ရခိုင်ဒေသ အခြေအနေအရ အင်တာနက်အသုံးပြုနိုင်ခြင်းမရှိသည့်အတွက် ပျက်စီးနေမှုများ၊ သေဆုံးမှုများတို့ကို ရိုက် ကူးထားသည့် ဓါတ်ပုံများကိုမူ ချက်ခြင်းမရရှိနိုင်ပါ။
နဂိုကတည်းက အရာအရာပြည်စုံလုံလောက်ခြင်းမရှိပဲ ဖြစ်သလိုနေထိုင်လုပ်ကိုင်စားသောက်နေထိုင်ကြရသည့် ရခိုင်ပြည်သူများမှာ မုန်းတိုင်းကြောင့် အတိဒုက္ခပိုမိုရောက်ရှိသွားခဲ့ကြပြီးဖြစ်သည်။ အမျိုးမျိုးသောဒုက္ခ တို့ကို ခံစားနေကြရသော မုန်တိုင်းသင့် ပြည် သူများကို တတ်နိုင်သမျှ ကူညီပေးကြပါရန် ကျွန်ုပ်တို့မှ လေးစား စွာ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။
ရခိုင် ဂီရိမုန်တိုင်းကူညီရေး ယာယီကော်မတီ
0 comments:
Post a Comment