ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် မုန်တိုင်း စတင် ဖြတ်ကျော်နေပြီး လေပြင်းတိုက်ခတ်မှုများ၊ မိုးသည်းထန်မှုများ ကြုံတွေ့နေရပြီ ဖြစ်ကြောင်း သတင်း ရရှိပါသည်။
''မိုးတွေ ရွာနေတယ်၊ လေလည်းတော်တော် တိုက်နေတယ်လို့ သိရတယ်။ သစ်ပင်တွေတောင် လဲတဲ့အထိတိုက်တယ်လို့ ကျောက်ဖြူ ကို ဆက်သွယ်မေးတော့ သိရတယ်။ ကမ်းရိုးတန်းမှာနေတဲ့ သူတွေကတော့ မနက်ခင်းကတည်းက နေရာ ပြောင်းရွှေ့ထားကြတယ်။ မုန်တိုင်း သတိပေးချက်တွေကြောင့်လို့ သိရပါတယ်''ဟု စစ်တွေမြို့နယ်မှ ဒေသခံတစ်ဦးက ပြောကြားသည်။
''စစ်တွေမြို့မှာတော့ လောလောဆယ် လေတိုက်နေတယ်။ မိုးနည်းနည်းရွာတယ်''ဟု ၎င်းက ဆက်လက်ပြောပြသည်။
ဆိုင်ကလုန်းမုန်တိုင်း ဂီရိသည် အောက်တိုဘာလ ၂၂ ရက်နေ့ မွန်းတည့်မှ နောက် ၁၂ နာရီအတွင်း ရခိုင်ကမ်းရိုးတန်းဒေသ ကုန်းတွင်းကို ၀င်ရောက်မည် ဖြစ်ကြောင်း၊ မုန်တိုင်း ဒီရေ ၁၂ ပေအထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းမှုများအရ သိရှိ ရသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် လက်ရှိတွင် အနီရောင် အရေးပေါ်အဆင့်ဖြစ်ပြီး ကျောက်ဖြူခရိုင်နှင့် စစ်တွေခရိုင် တို့ကို အဓိက သက်ရောက်မည် ဖြစ်သည်။
by news-eleven
by news-eleven
0 comments:
Post a Comment