Friday, October 22, 2010

နောက်ဆုံးရသတင်း


 ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်နေသော ဆိုင်ကလုန်းမုန်တိုင်း ဂီရိ ပိုမိုအားကောင်းလာပြီး လေတိုက်နှုန်း တစ်နာရီမိုင် ၁၀၀ ကျော်နိုင်ကြောင်း ခန့်မှန်းထား by news-eleven

ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေခဲ့သော ဆိုင်ကလုန်းမုန်တိုင်း ဂီရိသည် ယခုအခါတွင် ပိုမိုအားကောင်းလာခဲ့ပြီး နိုင်ငံတကာ မိုးလေ၀သ ခန့်မှန်းဖော်ပြချက်များအရ လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၀၀ ကျော်နိုင်ကြောင်း သတင်းရရှိပါသည်။ လတ်တလောတွင် မုန်တိုင်းဖြတ်ကျော် ၀င်ရောက်လျက်ရှိသော ကျောက်ဖြူမြို့၏ အခြေအနေများ ကို စုံစမ်းဆဲဖြစ်ပြီး အဆက်အသွယ် ပြတ်တောက်လျက်ရှိသည်။

ဂီရိသည် အောက်တိုဘာလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျောက်ဖြူမြို့ကို စတင်ဖြတ်ကျော်နေပြီး ကျောက်ဖြူမြို့တွင် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ကို ကြုံတွေ့ရလျက်ရှိကြောင်း မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် ဆက်သွယ် မေးမြန်းမှုများအရ နောက်ဆုံးသိရှိခဲ့ရသည်။ မုန်တိုင်းဆက်လက် ဖြတ်ကျော်ဝင်ရောက်မည့် မြို့တစ်မြို့ဖြစ်သော စစ်တွေမြို့တွင်မူ မိုးရွာသွန်းခြင်း၊ လေတိုက်ခတ်ခြင်းမှအပ ပြင်းထန်ခြင်း မရှိသေးကြောင်း၊ ဆိုင်များ၊ ဈေးများ ပိတ်ထားပြီဖြစ်ကြောင်း အောက်တိုဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် ဒေသခံများထံမှ သိရသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အောက်တိုဘာလ ၂၂ ရက်နေ့ နံနက်အစောပိုင်းတွင် မုန်တိုင်းအန္တရာယ်ကို ဦးတည်ရာနိုင်ငံမှ သတိပြုရမည့် အနီရောင်အဆင့်သို့ ရောက်ရှိခဲ့ပြီး နံနက် ၉ နာရီဝန်းကျင်တွင်မူ အရေးပေါ် အနီရောင်အဆင့်သို့ ရောက်ရှိခဲ့သည်။ အောက်တိုဘာလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်နေသော ဆိုင်ကလုန်း ဂီရိသည် ပိုမိုအားကောင်းလာပြီး သစ်ပင်များပြိုလဲခြင်း၊ နေအိမ်များ ပျက်စီးခြင်းတို့ကို ကြုံတွေ့နိုင်ခြေရှိ သော Category ၄ အဆင့်သို့ ရောက်ရှိလာခဲ့သည်ဟု နိုင်ငံတကာ မိုးလေ၀သခန့်မှန်းမှု အချို့အရ သိရှိရသည်။

0 comments:

Post a Comment

 

Giri Relief for © 2010.